ကျိန်းရိပ်မြေမှ လှိုက်လှဲစွာ ကြိုဆိုပါ၏။

Sunday, October 3, 2010

ရင်တွင်းစကားများ အပိုင်း ၁

ရင်တွင်းစကား(၁)
အကြံပေးကာ
ဆွေးနွေးပါ
မေတ္တာစိတ်နဲ့ 
ဝေဖန်ပါ
ကဲ့ရဲ့ ပြစ်တင်
ဆရာလုပ်လျှင်
သင့်ကိုကျွန်ုပ်
မကြိုက်ပါ...။

ရင်တွင်းစကား(၂)
သိချင်စိတ်ရှိတာ ကောင်းပေမယ့်
စပ်စုတာကိုတော့ လူတိုင်းမကြိုက်ဘူး...။

ရင်တွင်းစကား(၃)
အကျင့်စရိုက် အဆင့်အတန်းချင်း
မတူညီလျှင်
အမြင်ချင်း အတွေးအခေါ်
အယူအဆချင်းလည်း မတူညီနိုင်ပါ...။

ရင်တွင်းစကား(၃)
ဆွေးနွေးခြင်းသည် ချစ်စရာကောင်းပြီး
ငြင်းခုံခြင်းသည် မုန်းတီးစရာကောင်းသည်...။

ရင်တွင်းစကား(၄)
ပညာရှိများသည် ဆွေးနွေးခြင်းကို နှစ်သက်ကြသည်
လူမိုက်များသည် ငြင်းခုံခြင်းကို နှစ်သက်ကြသည်....။

ရင်တွင်းစကား(၅)
ကိုယ်ချင်းစာတရား အားကောင်းသူသည်
သူတစ်ပါးပြဿနာကို ဖြေရှင်းရာ၌ အမှားနည်းသည်...။

ရင်တွင်းစကား(၆)
ဘ၀ဆိုတာ တစ်ခါတစ်ရံ အငြိမ့်မင်းသမီး တစ်ယောက်ရဲ့  မျက်နှာလို
ချိုသာအေးမြရပြီး၊ တစ်ခါတစ်ရံမှာ နောက်ပိုင်းမင်းသမီးတစ်ယောက်ရဲ့ 
မျက်နှာလိုလည်း ငိုပြ၊ လူကြမ်းကြီးတစ်ယောက်လိုလည်း ကြမ်းပြရတတ်သည်...။

ရင်တွင်းစကား(၇)
လူတစ်ယောက်သည် မည်မျှပင် ဟန်ဆောင် ဖုံးဖိမှု့ ကို ကျွမ်းကျင်စေကာမူ
မွေးရာပါ ဗီဇအကျင့် စရိုက်ကိုတော့  ဟန်ဆောင် ဖုံးဖိ၍ မရစကောင်းပါ...။

ရင်တွင်းစကား(၈)
စိတ်ညစ်စရာတွေနဲ့ ကြုံရင် ရင်ဖွင့်ဖို့ 
စိတ်ပျက်အားငယ်နေချိန်မှာ အားပေးနှစ်သိမ့်ဖို့ 
ပျော်ရွှင်ကြည်နူးနေချိန်မှာ မျှဝေခံစားပေးဖို့ 
တကယ်လိုအပ်နေတာ ‘‘သူငယ်ချင်းကောင်း‘‘...။။

 ရင်တွင်းစကား(၉)
အဖြစ်အပျက်တစ်ခုကို ဘက်ပေါင်းစုံက ဝေဖန်ခွင့်ရှိတယ်
ဒါပေမယ့် အဲဒီအဖြစ်အပျက်ရဲ့ အဖြေကတော့ ဝေဖန်သူရဲ့ 
စိတ်နေသဘောထားမှာ မူတည်တယ်.....။။

ရင်တွင်းစကား(၁၀)
ကွယ်ရာမှာ ထင်ရာစိုင်းပြီး ပရိသတ်ရှေ့မှာ သူတော်ကောင်းဟန်ဆောင်ကာ
လူတတ်ကြီး လုပ်နေသူတွေနဲ့ လက်မတွဲချင်းဘူး..။ 

ရင်တွင်းစကား(၁၁)
မျက်ကွယ်ရာမှာ ထင်ရာစိုင်းတတ်သူတွေက ပရိသတ်ရှေ့မှာ မျက်နှာချို လုပ်တတ်ကြသော်လည်း
ပရိသတ်ရှေ့မှာ မျက်နှာချိုမလုပ်တတ်သူတွေကတော့ မျက်ကွယ်ရာမှာ ထင်ရာစိုင်းတတ်သူတွေ
မဟုတ်ကြပါ...။

ရင်တွင်းစကား(၁၂)
ခေါင်းညိတ်လွယ်ပြီး ကတိမတည်သူတွေကို ခေါင်းဆောင်တင်ထားရင်တော့ လုပ်ငန်းစီးမံကိန်းတွေ
ရေးဆွဲစရာ မလိုတောဘူး...။ 

ရင်တွင်းစကား(၁၃)
တာဝန်ယူထားပြီး တာဝန်မကျေတဲ့သူ ဖြစ်ရမည့်အစား တာဝန်မယူတာပဲ
နေတာ ပိုကောင်းပါတယ်...။


ရင်တွင်းစကား(၁၄)
ပဿနာ အခက်အခဲကို ခေါင်းရှောင်တတ်တဲ့ သူတွေဟာ လူစွမ်းကောင်းတွေမဟုတ်ဘူး
ပြဿနာ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနှိင်သူတွေကသာ လူစွမ်းကောင်းပါ...။

ရင်တွင်းစကား(၁၅)
ယဉ်ကျေးတဲ့ အမူအရာနှင့်ယုတ်မာတဲ့ အကျင့်စရိုက်ရှိသူတွေကို ဝေရာမဏိ သိက္ခာပဒံ
အထူးရှောင်ကြည်ရပါလို၏...။ 

ရင်တွင်းစကား(၁၆)
ရယူလိုမှု မျှော်လင့်ချက်တွေထားပြီး အတုအယောင် မေတ္တာတွေနဲ့ တော့ တစ်ဖက်သားကို 
မကူညီပါနဲ့ ...။ 

 ရင်တွင်းစကား(၁၇)
အဆိပ့်ဖြစ်စေမယ့် ဟင်းကောင်းများနှင့် စားနေရမည့် အစား
အဆိပ်ကင်းတဲ့ ရေသန့် တစ်ခွက်သောက်ပြီး ဘ၀ကို ရုန်းကန်ချင်တယ်.....။

ရင်တွင်းစကား(၁၈)
ဟန်ဆောင်အပြုံးနဲ့ ပြောမယ့် မေတ္တာစကားတွေအစား ဟန်ဆောင်မှုကင်းတဲ့ 
အမုန်းစကားလေးကိုပဲ ပြောလဲ့ပါ....။

ရင်တွင်းစကား(၁၉)
သံယောဇဉ်တွေကြောင့် ရခဲ့တဲ့ အောင်မြင်မှုတွေထက်  သံယောဇဉ်တွေကြောင့် ရခဲ့တဲ့
ဆုံးရှုံးမှုတွေက ပိုများလာပါတယ်...။

ရင်တွင်းစကား(၂၀)
ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်းမကျမယ့် အတူတူတော့ ဘ၀ကို ဆန္ဒနဲ့ တစ်ထပ်တည်းကျအောင်

ကြိုးစားသွားရမယ်...။

ရင်တွင်းစကား(၂၁)
စာသင်တယ်ဆိုတာ လူ အ ကြီးတွေ မဖြစ်အောင်သင်တာ၊ ဒါပေမယ့် စာတတ်ပြီး 
လူမိုက်ကြီးတွေ ဖြစ်သွားရင်တော့ စိတ်မကောင်းစရာပဲ...။ 

ရင်တွင်းစကား(၂၂)
ကျောင်းသားတစ်ယောက်မှာ ကျောင်းသင်ခန်းစာ လောက်နဲ့ သာ ကျေနပ်မနေကြပဲ 
အပြင်လောက ဗဟုသုတတွေကိုလည်း ရှာမှီးသင့်ပါတယ်....။ 
  
ရင်တွင်းစကား(၂၃)
တကယ့်လူ့ လောကကို ရင်ဆိုင်ဖြတ်သန်းလာရသောအခါ ကျောင်းသင်ခန်းစာ 
လောက်နဲ့  မပြည့်စုံတော့ဘူး၊ ဘ၀သင်ခန်းစာတွေ အများကြီး လိုအပ်လာပါပြီ...။ 

 ရင်တွင်းစကား(၂၄)
ဘ၀မှာ အသက်မွေးဝမ်းကျောင်းမှု ပညာတစ်ခုခု တတ်မထားပဲ အသက်ရှင်နေရတာထက်
အသက်သေသွားတာကမှ ပိုမြတ်ဦးမယ်...။











 























 

??်??်??်...